SKK EPC မှ လျှပ်စစ်ဓာတ်အား အလှည့်ကျ ပေးဝေမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း
အောက်တိုဘာ ၁၄။
မိဘပြည်သူများ လျှပ်စစ်ဓာတ်အား သုံးစွဲမှု အဆင်ပြေစေရန်အတွက် SKK EPC မှ သုံးစွဲသူများကို Group (A)၊ Group (B) နှင့် Group (C) ဟူ၍ အုပ်စု (၃) စု ခွဲခြားကာ အောက်ပါအတိုင်း အလှည့်ကျ ဓာတ်အားပေးဝေသွားမည် ဖြစ်ပါသည်။
အလှည့်ကျ မီးပေးဝေမည့် အစီအစဉ် –
• ပထမရက်
o Group A – နံနက် (၆:၀၀) နာရီ မှ ညနေ (၆:၀၀) နာရီ အထိ
o Group B – ညနေ (၆:၀၀) နာရီ မှ နံနက် (၆:၀၀) နာရီ အထိ
o Group C – လျှပ်စစ်မီး ခေတ္တ ပိတ်ထားမည်။
• ဒုတိယရက်
o Group C – နံနက် (၆:၀၀) နာရီ မှ ညနေ (၆:၀၀) နာရီ အထိ
o Group A – ညနေ (၆:၀၀) နာရီ မှ နံနက် (၆:၀၀) နာရီ အထိ
o Group B – လျှပ်စစ်မီး ခေတ္တ ပိတ်ထားမည်။
• တတိယရက်
o Group B – နံနက် (၆:၀၀) နာရီ မှ ညနေ (၆:၀၀) နာရီ အထိ
o Group C – ညနေ (၆:၀၀) နာရီ မှ နံနက် (၆:၀၀) နာရီ အထိ
o Group A – လျှပ်စစ်မီး ခေတ္တ ပိတ်ထားမည်။
(စတုတ္ထမြောက်ရက်မှ စတင်၍ ပထမရက် အစီအစဉ်အတိုင်း အစဉ်လိုက် ပြန်လည် ပေးဝေသွားမည် ဖြစ်ပါသည်။)
သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် စနစ်တကျ မီးသုံးစွဲနိုင်ရန် ကြိုတင်ပြင်ဆင်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ယခင်အတိုင်း လျှပ်စစ်ဓာတ်အား (၂၄) နာရီပတ်လုံး ပြန်လည်ပေးဝေနိုင်ရေးအတွက် SKK EPC မှ အစွမ်းကုန် ကြိုးစားဆောင်ရွက်လျက်ရှိပြီး ယခုကဲ့သို့ အဆင်မပြေမှုများအတွက် အထူးပင် တောင်းပန်အပ်ပါသည်။
