
ဩဂုတ် ၂၆၊ ၂၀၂၆
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ သစ်ကတေ့ စံပြကျေးရွာတွင် ယနေ့ (ဩဂုတ်လ ၂၆ ရက်) ၌ ကရင်အမျိုးသားတပ်မတော် (KNA) စစ်ဒေသ (၂) စစ်ဒေသမှူး ဦးဆောင်သော ဆင်ရတနာ လက်ချည်ပွဲ မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ စစ်ဒေသ (၂) စစ်ဒေသမှူး ဗိုလ်မှူးစောတင်ဝင်း ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ဆင်ရတနာ စုစုပေါင်း (၁၅) ကောင်ကို မင်္ဂလာလက်ချည် ကြိုးချည်နှောင်ပေးခဲ့သည်။