KCO ကရင်ယဉ်ကျေးမှုအနုပညာဒုံးအဖွဲ့အား တေးရေး/တေးဆို စောကေဖိုးခွား မိသားစုမှ အချိုရည်နှင့် မုန့်များ လှူဒါန်း
အောက်တိုဘာ ၁၇၊ ၂၀၂၆
ကရင်ယဉ်ကျေးမှုနှင့် အနုပညာ လုပ်ငန်းများကို စဉ်ဆက်မပြတ် ထိန်းသိမ်းမြှင့်တင်လျက်ရှိသော KCO ကရင်ယဉ်ကျေးမှု
အနုပညာဒုံးအဖွဲ့ အတွက် တေးရေး၊ တေးဆို စောကေဖိုးခွား (Karendy) မိသားစုမှ အချိုရည်နှင့် မုန့်များကို စေတနာသဒ္ဓါ
ထက်သန်စွာဖြင့် လာရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
ယခုကဲ့သို့ ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာကို မြတ်နိုးတန်ဖိုးထားပြီး လိုအပ်သည်များကို တတ်အား
သမျှ ဝိုင်းဝန်းကူညီ လှူဒါန်းပေးခဲ့သည့်အတွက် တေးရေး/တေးဆို စောကေဖိုးခွား မိသားစုအား လှိုက်လှဲစွာ အထူးပင်
ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်ဟု KCO ကရင်ယဉ်ကျေးမှုအနုပညာဒုံးအဖွဲ့ မှ ထုတ်ပြန်
ထားသည်။

