News

KCO ကရင်ယဉ်ကျေးမှုဒုံးအဖွဲ့ ဦးဆောင်နာယက တာကျဝ့်ဆိုဒ်အဲဆိုင်ထံ သွားရောက်ဂါရဝပြု

October 1, 2026
KCO ကရင်ယဉ်ကျေးမှုဒုံးအဖွဲ့ ဦးဆောင်နာယက တာကျဝ့်ဆိုဒ်အဲဆိုင်ထံ သွားရောက်ဂါရဝပြု
အောက်တိုဘာ ၁ ၊ ၂၀၂၆
KCO ကရင်ယဉ်ကျေးမှုဒုံးအဖွဲ့သည် ဦးဆောင်နာယကဖြစ်သူ တာကျဝ့်ဆိုဒ်အဲဆိုင်ထံ သွားရောက်၍ ဂါရဝပြုတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်တွေ့ဆုံစဉ် ဦးဆောင်နာယကကြီးမှ KCO ကရင်ယဉ်ကျေးမှုဒုံးအဖွဲ့ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် အောင်မြင်စွာ လှုပ်ရှားဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို အားပေးကူညီပံ့ပိုးပေးခဲ့သည့်အပြင် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်း လိုအပ်သည့် လမ်းညွှန်မှာကြားမှုများ ပြုလုပ်ပေးခဲ့သည်။
KCO ကရင်ယဉ်ကျေးမှုဒုံးအဖွဲ့သည် ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းနိုင်ရန်အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ဓာတ်ပုံ – KCO