
ရန်ကုန်၊ အောက်တိုဘာ ၁၂
K C O ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံး ဒုံးအဖွဲ့အား ကျဝ့်ပါလ်ုဝီႋက ၎င်း၏ ဖြတ်သန်းခဲ့ရသော အမျိုးသားရေးဘဝအကြောင်းနှင့် ဩဝါဒ အားပေးစကားများကို ပြောကြားခဲ့သည့် မှတ်တမ်းတစ်ရပ် ထွက်ပေါ်လာခဲ့သည်။
ကရင်ရိုးရာဒုံးအကကို ချစ်မြတ်နိုးစွာဖြင့် ပါဝင်အားဖြည့်ပေးနေကြသည့် ညီငယ်ညီမငယ်များကို အထူးကျေးဇူးတင်ရှိကြောင်းနှင့် မိမိကိုယ်တိုင်လည်း ငယ်စဥ်က နှစ်နှစ်ခန့် ကခုန်ခဲ့ဖူးသူဖြစ်သဖြင့် ဒုံးအက၏ ပင်ပန်းခက်ခဲပုံကို အကောင်းဆုံးနားလည်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး “ဘာပဲဖြစ်ဖြစ် ချစ်ချစ်ခင်ခင်နဲ့ ကိုယ့်ရိုးရာအမွေအနှစ် မပျောက်ပျက်အောင် ထိန်းသိမ်းရင်း ပြိုင်ကြမယ်။ ဆုတွေက အဓိကမဟုတ်ဘူး၊ ရိုးရာကိုချစ်မြတ်နိုးပြီး ပါဝင်နိုင်တဲ့စိတ်ဓာတ်ကသာ အဓိကပါ” ဟု တိုက်တွန်းအားပေးစကား ဆိုခဲ့သည်။
