News

ကရင်ပြည်နယ်၊ ရွှေပြည်တောင်ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာသာရ၏ အန္တိမအဂ္ဂိဈာပန အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး

February 25, 2026

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အိန္ဒုတိုက်နယ်ရှိ ရွှေပြည်တောင်ကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တစန္ဒိမာသာရ (သက်တော် ၆၂ နှစ်၊ ဝါတော် ၄၃ ဝါ) ၏ ရုပ်ကလာပ်တော်အား မီးသင်္ဂြိုဟ်ပူဇော်သည့် အန္တိမအဂ္ဂိဈာပန အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။

ဆရာတော်ဘုရားကြီး၏ ဈာပနအခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည် –

  • ကျင်းပခဲ့သည့်နေ့ရက် – အင်္ဂလိပ်လ (၁၄) ရက်၊ မြန်မာလ (၁၃) ရက်၊ စနေနေ့

  • အချိန် – ညပိုင်း

  • နေရာ – ရွှေပြည်တောင်ကျောင်းတိုက်၊ အိန္ဒုတိုက်နယ်၊ ဘားအံမြို့နယ်၊ ကရင်ပြည်နယ်။

အဆိုပါ အန္တိမအဂ္ဂိဈာပနအခမ်းအနားသို့ ကြည်ညိုလေးစားကြသော တပည့်ဒါယကာ၊ ဒါယိကာမများနှင့် ရပ်ဝေးရပ်နီးမှ ဆွေတော်မျိုးတော်များ ကြွရောက်ဖူးမြော် ကုသိုလ်ယူ ပူဇော်ခဲ့ကြပါသည်။

ဆရာတော်ဘုရားကြီး ဘဝသံသရာ ခန္ဓာစက်ရဟတ် ငြိမ်းအေးတော်မူပါစေသတည်း။