News

မြိုင်ကြီးငူအထူးဒေသ၌ လမ်းတံတားနှင့် ရေစီးမြောင်း ပြုပြင်ရန် ကွန်ကရစ်လောင်းခြင်းနှင့် မြေတူးဖော်ခြင်း လုပ်အားဒါနပြု

August 16, 2026

၂၀၂၆ ဩဂုတ် ၁၄ (မြိုင်ကြီးငူ)

မြိုင်ကြီးငူအထူးဒေသ၊ စုံနံ့သာမြိုင်ဆွေမြို့တော်ရှိ ကရင်ဘာသာပြန် ပိဋကတ်ကျောက်စာတော်တိုက်နှင့် ပရဝုဏ်အတွင်းရှိ လမ်း၊ တံတားများ၊ လမ်းဘေးဝဲ/ယာ ရေစီးမြောင်းများ ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်သော ကျောက်များကို စုစည်း၍ လမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဩဂုတ်လ ၁၄ ရက် (ကောဇာသက္ကရာဇ် ၁၃၈ နာရီတွင် စတင်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လုပ်အားဒါနပြုလုပ်ငန်းခွင်သို့ ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက (သီရိပျံချီ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ)၊ မြိုင်ကြီးငူတိုက်အုပ်ဆရာတော် ဘဒ္ဒန္တကုသလတို့နှင့်အတူ မြိုင်ကြီးငူ ပြည်တော်ဝင်မိသားစု တပည့်ဒါယကာ၊ ဒါယိကာမများ စက်နင်းပါဝင်ခဲ့ကြသည်။

အဆိုပါ လုပ်အားဒါနအဖွဲ့သည် မြိုင်ကြီးငူအထူးဒေသ၊ ဘေသဇ္ဇမုနိ ကြေးသွန်းဘုရားသို့ သွားသည့် ကားလမ်းအား ကွန်ကရစ်လောင်းခြင်းနှင့် မြေတူးဖော်ပြုပြင်ခြင်း လုပ်ငန်းများကို စနစ်တကျ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။