ကြာအင်းဆိပ်ကြီးတွင် ထွီးမောင်ထိုကျေးရွာ နှစ်(၅၀)ပြည့် ရွှေရတုနှင့် ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲ ကျင်းပ၊ KCO တာဝန်ရှိသူများ တက်ရောက်
၂၀၂၆ ခုနှစ်၊ သြဂုတ် ၂၈ ရက်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထွီးမောင်ထိုကျေးရွာ၏ နှစ် (၅၀) ပြည့် ရွှေရတုသဘင် အထိမ်းအမှတ်အဖြစ် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို သြဂုတ်လ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ကရင်ယဉ်ကျေးမှုအနုပညာ အစည်းအရုံး (KCO) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ရွှေရတုသဘင်နှင့် ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားတွင် ကရင်တိုင်းရင်းသားတို့၏ ရှေးရိုးရာ အစဉ်အလာအတိုင်း လက်ချည်ဖြူဖွဲ့ခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ အနုပညာဖျော်ဖြေတင်ဆက်ခြင်းများနှင့် ကျေးရွာ၏ နှစ် (၅၀) ပြည့် ခရီးစဉ် သမိုင်းမှတ်တိုင်များကို ဂုဏ်ပြုသည့် အစီအစဉ်များ ပါဝင်ခဲ့သည်။

ယင်းအခမ်းအနားသို့ KCO မှ တာဝန်ရှိသူများ၊ ယဉ်ကျေးမှု အနုပညာရှင်များနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများ စုံလင်စွာ တက်ရောက်ခဲ့ကြပြီး ကရင်ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် ဒေသခံများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
