News

⚠️ အထူးသတိပေးနှိုးဆော်ချက် ⚠️ Starlink စက်အဟောင်းများ ဝယ်ယူရာတွင် လူလိမ်ခံရနိုင်သဖြင့် အထူးသတိပြုရန်

June 8, 2026
⚠️ အထူးသတိပေးနှိုးဆော်ချက် ⚠️  Starlink စက်အဟောင်းများ ဝယ်ယူရာတွင် လူလိမ်ခံရနိုင်သဖြင့် အထူးသတိပြုရန်

⚠️ အထူးသတိပေးနှိုးဆော်ချက် ⚠️

Starlink စက်အဟောင်းများ ဝယ်ယူရာတွင် လူလိမ်ခံရနိုင်သဖြင့် အထူးသတိပြုရန်

၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်

လတ်တလော ရွှေကုက္ကိုလ်ဒေသတွင် လိုင်းပိတ် (Ban) ခံထားရသည့် သုံးမရတော့သော Starlink စက်အဟောင်းများကို ဈေးလျှော့၍ လိုက်လံလိမ်လည်ရောင်းချနေမှုများ ရှိနေပါသည်။ မသိဘဲ ဝယ်ယူမိပါက ငွေဆုံးရုံတင်မကဘဲ အသုံးမပြုနိုင်သည့် အမှိုက်ဖြစ်သွားနိုင်သဖြင့် မဝယ်ယူမီ အောက်ပါအချက်များကို မဖြစ်မနေ စစ်ဆေးကြပါရန် နှိုးဆော်အပ်ပါသည်။

🔍 မဝယ်ခင် ဘာတွေစစ်ဆေးရမလဲ?

  • ကာလပေါက်ဈေးထက် အရမ်းပေါနေလျှင် သံသယဝင်ပါ

ဈေးနှုန်း ပုံမှန်ထက် ထူးထူးခြားခြား လျှော့ရောင်းနေပါက အလွယ်တကူ မဝယ်ပါနှင့်။

  • Kit ID / Serial Number ကို အရင်တောင်းပါ

ရရှိလာသည့် ID ကို Starlink Official Website သို့မဟုတ် Support တွင် Account Transfer (အကောင့်လွှဲပြောင်းခြင်း) ပြုလုပ်နိုင်ခြင်း ရှိ၊ မရှိ အရင်ဆုံး သေချာစွာ စစ်ဆေးပါ။

  • စက်လွှဲပြောင်းခြင်း (Account Transfer) ကို အရင်လုပ်ပါ

ပိုင်ရှင်အဟောင်း၏ အကောင့်ထဲမှ မိမိအကောင့်ထဲသို့ စက် (Kit) ကို သေချာပေါက် Release လုပ်ပေးနိုင်ပြီး၊ Transfer အောင်မြင်စွာ ရောက်ရှိမှသာ ငွေအကျေချေပါ။

  • ယုံကြည်စိတ်ချရသည့် Dealer ထံတွင်သာ ဝယ်ယူပါ

လူကိုယ်တိုင် တွေ့ဆုံစမ်းသပ်ပြီးမှ ဝယ်ယူခြင်း သို့မဟုတ် Lock ကျနေခြင်း မရှိကြောင်း (၁၀၀%) ရာနှုန်းပြည့် အာမခံချက်ပေးနိုင်သည့် လုပ်ငန်း/လူထံမှသာ ဝယ်ယူပါ။

တန်ဖိုးရှိတဲ့ မိမိငွေကြေးတွေ ဆုံးရှုံးပြီး သုံးမရတဲ့ အမှိုက်ပုံကြီး ဝယ်မိသလိုမျိုး မဖြစ်ပါစေနဲ့။”

မိမိတို့နှင့် နီးစပ်သည့် မိတ်ဆွေသူငယ်ချင်းများပါ ကြိုတင်သတိပြုပြီး အလိမ်အညာမခံရစေရန် မိမိတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ပြန်လည်မျှဝေ (Share) ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

 

စတားလင့်ခ် ဗန်း