
ဖားအံ၊ စက်တင်ဘာ ၂၂ ရက်
လာမည့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျရောက်မည်ဖြစ်သည့် (၇၁) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံး (KCO) ၏ ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအဖွဲ့မှ ပါဝင်ဆင်နွှဲ ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
ကရင်ရိုးရာ ယဉ်ကျေးမှုနှင့် အနုပညာအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်သည့်အနေဖြင့် အဆိုပါ အခမ်းအနားတွင် ပါဝင်ဆင်နွှဲခြင်းဖြစ်ပြီး ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စေတနာရှင် ပြည်သူများနှင့် အလှူရှင်များအနေဖြင့် တတ်အားသမျှ ပူးပေါင်းပါဝင် ထောက်ပံ့ပေးကြပါရန် ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံး (KCO) မှ လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားထားသည်။
