
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်
လာမည့် (၇၁) နှစ်မြောက် ကရင်ပြည်နယ်နေ့ ပွဲတော်အထိမ်းအမှတ်အဖြစ် တင်ဆက်ကပြနိုင်ရန်အတွက် ကရင်ယဉ်ကျေးမှုနှင့် အနုပညာအစည်းအရုံး (KCO) မှ ကြီးမှူး၍ ကရင်ရိုးရာဒုံးအက အဖွဲ့များကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင်ကာ စနစ်တကျ သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရိုးရာဒုံးအက သင်တန်းတွင် ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အကအလှများ၊ သံစဉ်များနှင့် ကကွက်များကို မပျောက်ပျက်အောင် ထိန်းသိမ်းသည့်အနေဖြင့်လည်းကောင်း၊ ပြည်နယ်နေ့ပွဲတော်တွင် စည်းကားသိုက်မြိုက်စွာ ပါဝင်တင်ဆက်နိုင်ရေးအတွက်လည်းကောင်း ရည်ရွယ်၍ KCO မှ တာဝန်ရှိသူများနှင့် နည်းပြများက စတင်သင်ကြားပေးနေခြင်းဖြစ်သည်။
ယခုနှစ်တွင် ကျရောက်မည့် (၇၁) နှစ်မြောက် ကရင်ပြည်နယ်နေ့ ပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအက တင်ဆက်မှုများအပြင် အခြားသော ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်များစွာလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
