(၇၁) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲတွင် “ရွှေကုက္ကိုယဉ်ကျေးမှု မောင်မယ်ဒုံး
အဖွဲ့” ပါဝင်ယှဉ်ပြိုင်မည် ရွှေကုက္ကိုမြိုင် ၊ အောက်တိုဘာ ၂၅။ (၇၁) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ်
ကျင်းပပြုလုပ်သည့် ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲကြီးတွင် “သင်းပျံ့ပွင့်လန်း နယ်စပ်ပန်း” (ဖါထင်းနိုင်မိုင့် ဖဝ့်ခါန်.ဆိုင့်) “ရွှေ
ကုက္ကိုယဉ်ကျေးမှု မောင်မယ်ဒုံးအဖွဲ့” မှ ပါဝင်ယှဉ်ပြိုင် ကပြသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကရင်ရိုးရာ
ယဉ်ကျေးမှုနှင့် ကရင့်ဂုဏ်ကို ဖော်ထုတ်ပြသမည်ဖြစ်သည့် ပြိုင်ပွဲကြီးကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်
(မနက်ဖြန်ည)၊ ညနေ (၇:၀၀) နာရီ တွင် နှစ်သစ်ကူးကွင်းဟောင်း၌ ကျင်းပသွားမည်ဖြစ်သည်။ ထို့အပြင် ပြိုင်ပွဲကျင်းပစဉ်
အချိန်၌ မြေချနတ်တင် အခမ်းအနားကိုလည်း တစ်ပါတည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ သို့ဖြစ်
ပါ၍ ရိုးရာယဉ်ကျေးမှုကို မြတ်နိုးထိန်းသိမ်းသောအားဖြင့်လည်းကောင်း၊ ကရင့်ဂုဏ်ကို မြှင့်တင်သောအားဖြင့်
လည်းကောင်း ရပ်နီးရပ်ဝေးမှ မိဘပြည်သူများအနေဖြင့် လာရောက်အားပေး ဝန်းရံပေးကြပါရန် မေတ္တာရှေ့ထား ဖိတ်ကြား
ထားပါသည်။ • ကျင်းပမည့်နေ့ရက် – ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက် (တနင်္လာနေ့) • ကျင်းပမည့်အချိန် – ညနေ
(၇:၀၀) နာရီ • ကျင်းပမည့်နေရာ – နှစ်သစ်ကူးကွင်းဟောင်း

