News

(၃၅) ကြိမ်မြောက် သာမည ပြုံးပြုံးရွှင်ရွှင်တောင် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော် ကျင်းပမည်

August 25, 2026
(၃၅) ကြိမ်မြောက် သာမည ပြုံးပြုံးရွှင်ရွှင်တောင် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော် ကျင်းပမည်
ဩဂုတ် ၂၅၊ ၂၀၂၆ (သာမည)
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ သာမည ပြုံးပြုံးရွှင်ရွှင်တောင်တွင် နှစ်စဉ်ရိုးရာမပျက် ကျင်းပမြဲဖြစ်သည့် (၃၅) ကြိမ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ ပွဲတော်အခမ်းအနားကို သတ်မှတ်ထားသည့် ရက်များအတိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပွဲတော်ကာလအတွင်း အောက်ပါ အစီအစဉ်များ ပါဝင်မည်ဖြစ်သည် –
* ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနား
* ကရင်နာမည်ကြီး အဆိုတော်များ၏ တေးဂီတ ဖျော်ဖြေရေး
* ယှူးထွါဆိုဒ် ဇာတ်သဘင် ဖျော်ဖြေတင်ဆက်မှု
* အခြား စိတ်ဝင်စားဖွယ် ကရင့်ရိုးရာ အဆိုအက ဖျော်ဖြေမှုများ
ပွဲစီစဉ်သူများက သာမည ပြုံးပြုံးရွှင်ရွှင်တောင်၌ ကျင်းပမည့် အဆိုပါ ရိုးရာပွဲတော်သို့ ရပ်ဝေးရပ်နီးမှ မိတ်ဆွေများ၊ မိဘပြည်သူများအားလုံး ချစ်ခင်ရင်းနှီးစွာဖြင့် လာရောက်ပါဝင် ဆင်နွှဲကြပါရန် လှိုက်လှဲစွာ ဖိတ်ခေါ်ထားသည်။