အ-ထ-က (ရွှေကုက္ကို) ၏ ၂၅ နှစ်ပြည့် ငွေရတုသဘင်နှင့် မြတ်ဆရာပူဇော်ပွဲအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း
အစည်းအဝေး ကျင်းပမည်
အောက်တိုဘာ ၂၃ ရက်၊
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၏ ၂၅ နှစ်ပြည့် ငွေ
ရတုသဘင် အထိမ်းအမှတ်ပွဲတော်၊ ဒုတိယအကြိမ် မြတ်ဆရာပူဇော်ပွဲနှင့် ကျောင်းသားဟောင်းများ ပြန်လည်တွေ့ဆုံပွဲ
အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လာမည့် အောက်တိုဘာလ (၂၅)
ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို အောက်တိုဘာလ (၂၅) ရက် (တနင်္ဂနွေနေ့)၊ ည (၆:၃၀) နာရီတွင် အ-ထ-က (ရွှေကုက္ကို) ရှိ
ချစ်သူသစ္စာခန်းမဆောင်၌ ကျင်းပမည်ဖြစ်ပြီး အခမ်းအနားများ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက်
ကျောင်းသားဟောင်းများအနေဖြင့် မပျက်မကွက် တက်ရောက်ပေးကြပါရန် ဖိတ်ကြားထားကြောင်း သိရသည်။

