
ဟှာအူဍောဟ် (တာမို့) ၏ ၅၂ နှစ်ပြည့် မွေးနေ့မင်္ဂလာ ကုသိုလ်ကောင်းမှု အလှူဒါန ပြုလုပ်
အောက်တိုဘာ ၉။
ယနေ့တွင် ကျရောက်သည့် ခ ဟှာအူဍောဟ် (တာမို့) ၏ အသက် ၅၂ နှစ်ပြည့် မွေးနေ့မင်္ဂလာ အခါသမယတွင် သားသမီးများနှင့် ဆွေမျိုးမိတ်သင်္ဂဟများ စုပေါင်း၍ မွေးနေ့အလှူဒါန မင်္ဂလာပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မွေးနေ့အလှူတော်၌ သံဃာတော်အရှင်သူမြတ်များအား ဆွမ်း၊ ခဲဖွယ်ဘောဇဉ်များနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ကြည်ညိုသဒ္ဓါတရား ထက်သန်စွာ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အမျှအတန်းများ ပေးဝေခဲ့ကြသည်။
ယင်းနောက် မိသားစုဝင်များနှင့် ဆွေမျိုးမိတ်သင်္ဂဟများက ဟှာအူဍောဟ် (တာမို့) အနေဖြင့် ယခုမွေးနေ့မှစ၍ နောင်နှစ်ပေါင်းများစွာတိုင်အောင် ချစ်ရပါသော သားသမီး၊ မြေး၊ မြစ်များနှင့်အတူ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့ဖြင့် ပြည့်စုံကာ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေး၍ ပျော်ရွှင်အေးချမ်းသော ဘဝကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့ကြသည်။
