၂၀၂၆၊ ဇူလိုင် ၂၇ရက်၊
မြန်မာတို့၏ ကိုးကွယ်ယုံကြည်မှုနှင့် ယဉ်ကျေးမှု အမြတ်နိုးဆုံးဖြစ်သော ဝါဆိုလ ကာလသို့ ရောက်ရှိလာပြီဖြစ်ရာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြလျက်ရှိရာတွင် ArKu’s မိသားစုအနေဖြင့်လည်း ယခုနှစ်အတွက် သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း ကုသိုလ်ကို စုပေါင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ပတ်သက်၍ ArKu’s မိသားစုက “လူသားတိုင်း သာယာချမ်းမြေ့ပြီး ကုသိုလ်တွေ ပွါးများနိုင်ပါစေ” ဟု ဆန္ဒပြုစကား ဆိုထားသည်။
ထို့အပြင် ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုအတွက် နတ်လူသာဓုခေါ်စေသော်ဟု ဆုတောင်းမေတ္တာပို့သကာ ရရှိသမျှ ကုသိုလ်ဘာဝနာများကို အများပြည်သူနှင့်အတူ ထပ်တူထပ်မျှ ခံယူနိုင်ရန် “အမျှ အမျှ အမျှ” ဟု ကုသိုလ်အမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။

