လှိုင်းဘွဲ၊ ကွမ်ဘီကျေးရွာ (၂၉) ကြိမ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ စတင်ဖွင့်လှစ်
ဩဂုတ် ၂၅၊ ၂၀၂၆
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီစံပြကျေးရွာတွင် ကျင်းပသည့် (၂၉) ကြိမ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်စူး) အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကို ယနေ့တွင် အောင်မြင်စွာ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် အလှူရှင်အသီးသီးက အောက်ပါအတိုင်း ပါဝင်လှူဒါန်းထားကြသည် –
- စစ်ရေးချုပ် ဗိုလ်မှူးချုပ် စောကြာအင်း – ၂၀ သိန်း
- (၉၉၉) ဗျူဟာ ဒုဗျူဟာမှူး ဒုဗိုလ်မှူးကြီး – ၃၀ သိန်း
- တပ်ရင်း (၁၁) ဒုဗိုလ်မှူးကြီး စောအောင်မြလေး နှင့် တပ်ရင်း (၁၅) ဒုဗိုလ်မှူးကြီး မန်းစောလင်း – ၃၀ သိန်း
- စစ်ရေးချုပ် ဗိုလ်မှူး စောသိန်းရွှေ – ၂ သိန်း
- (၄၄၄) ဗျူဟာ ဒုဗျူဟာမှူး ဒုဗိုလ်မှူးကြီး – ၁၀ သိန်း
- ဗိုလ်ကြီး စောကျော်မင်းဦး နှင့် ဇနီး နန်းအဲသာအွာ၊ သမီး နာနာကို့ – ၅ သိန်း
ပွဲစီစဉ်ကျင်းပသူများက ဘောလုံးပြိုင်ပွဲ အောင်မြင်စွာ စတင်နိုင်ရန် အကူအညီနှင့် ပံ့ပိုးမှုများ ပေးအပ်ခဲ့ကြသော အလှူရှင်များအားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားထားသည်။

