News

လှိုင်းဘွဲမြို့နယ် ကွမ်ဘီကျေးရွာ၌ (၂၉) ကြိမ်မြောက် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်

August 25, 2026

၂၀၂၆ ၊ ဩဂုတ် ၂၅၊ (လှိုင်းဘွဲ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီစံပြကျေးရွာ၌ ကျင်းပပြုလုပ်မည့် (၂၉) ကြိမ်မြောက် ကရင့်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ အထိမ်းအမှတ် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို ယနေ့ (ဩဂုတ် ၂၅ ရက်) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကြီးကို မနက်ဖြန် (ဩဂုတ် ၂၆ ရက်) မှစတင်၍ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပွဲတော်နှင့် ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းထားကြသည့် အလှူရှင်များ၏ အမည်စာရင်းကိုလည်း မနက်ဖြန်တွင် ဆက်လက်ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရသည်။