News

လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကျေးဇူးတော်ရှင် ဓမ္မညီနောင်ဆရာတော်ဘုရားကြီး အလှူခံကြွရောက်

September 9, 2026
လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကျေးဇူးတော်ရှင် ဓမ္မညီနောင်ဆရာတော်ဘုရားကြီး အလှူခံကြွရောက်
လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကျေးဇူးတော်ရှင် ဓမ္မညီနောင်ဆရာတော်ဘုရားကြီး အလှူခံကြွရောက်
စက်တင်ဘာ ၉၊ ၂၀၂၆
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ခုဘိုင်းကျေးရွာ၊ နောင်တိုင်ကျေးရွာနှင့် မဲဆမိတ်ကျေးရွာတို့သို့ ကျေးဇူးတော်ရှင် ဓမ္မညီနောင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဉာဏိကသည် တတိယမြောက်နေ့အဖြစ် ကြွရောက်၍ ဆွမ်းခံကြွတော်မူခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွမ်းခံကြွရောက်စဉ် ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံများကို မျှဝေထားပြီး၊ ဆရာတော်ဘုရား၏ ဒကာ၊ ဒကာမအပေါင်းမှလည်း ပြုလုပ်မျှဝေသည့် ကုသိုလ်ကောင်းမှုအစုစုတို့အတွက် “အမျှ အမျှ အမျှ” ဟု သာဓုခေါ်ဆိုကာ ကုသိုလ်အမျှ ပေးဝေထားပါသည်။