လူငယ်များအကြိုက် ဂီတဖျော်ဖြေပွဲကြီးနှင့်အတူ သီတင်းကျွတ်လပြည့်ညများကို ရွှေကုက္ကိုမြိုင်ညဈေး၌ စည်ကား
သိုက်မြိုက်စွာ ကျင်းပသွားမည်
အောက်တိုဘာ ၂၃၊
မင်္ဂလာရှိသော သီတင်းကျွတ်လပြည့်အခါသမယအကြို ရွှေကုက္ကိုမြိုင်ညဈေးတွင် လူငယ်များ သဘောကျနှစ်သက်စေမည့်
အထူးဂီတဖျော်ဖြေပွဲ (SHOW) ကြီးကို (၃) ညတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရ
ပါသည်။
အဆိုပါ ဂီတဖျော်ဖြေပွဲကို အောက်တိုဘာလ (၂၄) ရက်၊ (၂၅) ရက်နှင့် (၂၆) ရက်နေ့များတွင် (၃) ညဆက်တိုက် ကျင်းပ
ပြုလုပ်သွားမည်ဖြစ်ပါသည်။
ပရိသတ်ချစ်ခင်အားပေးမှု ရရှိထားသော အဆိုတော် JACK PHOUNG EH မှ (၃) ညတိုင်တိုင် တေးဂီတများဖြင့်
မပျက်မကွက် ပါဝင်ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ပါသည်။

