News

ရွှေပြည်အေး အခြေခံပရိယတ္တိ စာသင်တိုက်ကျောင်း သာသနိက အဆောက်အဦ ဆောက်လုပ်ပြီးစီးမှု (၇၀ ရာခိုင်နှုန်း) ကျော်လွန်နေပြီး အလှူရှင်များ ဖိတ်ခေါ်

July 27, 2026

၂၀၂၆၊ ဇူလိုင် ၂၇

ဦးဆောင်၍ မတည်အလှူရှင် ဦးစောဒီးအွာ + ဒေါ်နန်းသက်ပိုင်မှူး မိသားစုတို့မှ ဆောက်လုပ်လျက်ရှိသော “ရွှေပြည်အေး အခြေခံပရိယတ္တိ စာသင်တိုက်ကျောင်း” သာသနိက အဆောက်အဦကြီးမှာ စေတနာရှင် ဒါယကာ၊ ဒါယိကာမများ၏ ပံ့ပိုးကူညီမှုများကြောင့် လက်ရှိဆောက်လုပ်ပြီးစီးမှုမှာ (၇၀ ရာခိုင်နှုန်း) သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကျန်ရှိနေသော လုပ်ငန်းစဉ်များ အမြန်ဆုံး ပြီးမြောက်အောင်နှင့် သာသနာ့အနွယ်ဝင် စာသင်သား သံဃာတော်များ စိတ်အေးချမ်းသာစွာဖြင့် ပရိယတ္တိ စာပေများ အမြန်ဆုံးသင်ယူဆည်းပူးနိုင်ရေးအတွက် အလှူရှင် ဒါယိကာ၊ ဒါယိကာမများအနေဖြင့် ဝိုင်းဝန်းပါဝင်လှူဒါန်းနိုင်ကြောင်း နိုးဆော်ထားသည်။

ထို့အပြင် အများသူငါ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြစေရန်နှင့် အလှူရှင်အပေါင်းတို့ ပြုအပ်သော သာသနာပြု ကုသိုလ်အစုစုကြောင့် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံကြပါစေကြောင်း သတင်းရရှိသည်။