Photo news

ရွှေပြည်အေးကျောင်း ကန်ပတ်လည်လမ်း (စင်္ကြံ) အလှူတော်မှတ်တမ်း။

June 16, 2026
ရွှေပြည်အေးကျောင်း ကန်ပတ်လည်လမ်း (စင်္ကြံ) အလှူတော်မှတ်တမ်း။
ရွှေပြည်အေးကျောင်း ကန်ပတ်လည်လမ်း (စင်္ကြံ) အလှူတော်မှတ်တမ်း။
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း (၂) ရက် (အင်္ဂါနေ့)
(June 16, 2026)
ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုမြိုင် အမှတ် (၂) ရပ်ကွက်တွင် တည်ရှိသော
“ရွှေပြည်အေးပရိယတ္တိစာသင်တိုက်ကျောင်း” အဝင်း ကန်ပတ်ပတ်လည်၌ သံဃာတော်အရှင်သူမြတ်များနှင့် အများပြည်သူများ စိတ်အေးချမ်းသာစွာ လျှောက်လှမ်း သွားလာနိုင်စေရန် ရည်သန်၍ —
“Kaung Myat Thu BBQ & Restaurant” မိသားစု မှ ကွယ်လွန်သူ (အဖ ဦးမင်းလွင် + အမိ ဒေါ်အုန်းသန်း) တို့အား ရည်စူး၍
မောင်ကောင်းထက်ကျော် + ဇနီးမအေးမြတ်သူ တို့က
ကမ်ပတ်လည်လမ်း ကို မတည်လှူဒါန်းခဲ့ကြပါသည်။(စုစုပေါင်း လှူဒါန်းမှု ကုန်ကျစရိတ် – ထိုင်းဘတ်(၁)သိန်းခွဲခန့်)
ကျောင်းတော်ဝင်းအတွင်း လျှောက်လှမ်းသမျှ ခြေလှမ်းတိုင်းတွင် ကိုယ်စိတ်နှစ်ပါး အေးချမ်းကြစေရန် ရည်ရွယ်သည့်
ဤမွန်မြတ်လှသော စင်္ကြံလမ်းအလှူတော်ကြောင့်
မကွယ်လွန်အပ်သေးသောအမိအဖတို့သည်လည်းကောင်း၊
၃၁ ဘုံ၌ ရှိကြကုန်သော နတ်လူဗြဟ္မာ
သတ္တဝါအပေါင်းတို့သည်လည်းကောင်း
ဝမ်းမြောက်နုမော သာဓုခေါ်ဆိုနိုင်ကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းလျက် ဓမ္မမိတ်ဆွေအပေါင်းအတွက် ကုသိုလ်အမျှ ပေးဝေကာ အလှူမှတ်တမ်းတင်အပ်ပါသည်။
[ မိဘဘိုးဘွားများနှင့်တကွ ခုနှစ်ရက်သားသမီးအပေါင်း ကုသိုလ်မျှဝေ ရရှိကြပါစေကြောင်း… သာဓု… သာဓု… သာဓု ]