
၂၀၂၆၊ ဩဂုတ် ၁၁။
ရွှေကုက္ကို ဒေသဖွင့်ဖြိုးရေးနှင့် စည်ပင်သာယာရေး ကော်မတီမှ ရွှေသွေးကူညီရေးအသင်း၏ လုပ်ငန်းစဉ်များ ရေရှည်ရပ်တည်နိုင်ရေးအတွက် လစဉ်ထောက်ပံ့လှူဒါန်းလျက်ရှိရာ ယခု (၂၅) ကြိမ်မြောက်အဖြစ် ထောက်ပံ့ငွေ ဘတ် ၁၀,၀၀၀ (တစ်သောင်း) ကို ထပ်မံပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့လှူဒါန်းမှုနှင့် ပတ်သက်၍ ရွှေသွေးကူညီရေးအသင်း တာဝန်ရှိသူများက အဖွဲ့အစည်း ရေရှည်ရပ်တည်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ပံ့ပိုးကူညီပေးနေသော ဒေသဖွင့်ဖြိုးရေးနှင့် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဆရာမ ဒေါ်နန်းအေးမြကြည်နှင့်တကွ အဖွဲ့သူ/အဖွဲ့သားများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းနှင့် ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာ၍ စီးပွားလာဘ်လာဘများ အဆင်ပြေချောမွေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးထားသည်။
ရွှေကုက္ကို ဒေသဖွင့်ဖြိုးရေးနှင့် စည်ပင်သာယာရေး ကော်မတီသည် ဒေသတွင်း လူမှုကူညီရေးအသင်းအဖွဲ့များ အဆင်ပြေစွာ လည်ပတ်နိုင်ရေးအတွက် လစဉ် ပံ့ပိုးကူညီမှုများကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသည်။
