ရွှေကုက္ကိုလ်တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို KNA မီးရှို့ဖျက်ဆီး
မြဝတီ၊ ဇွန် ၂၇
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ရွှေကုက္ကိုလ်ဒေသတွင် ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို ကရင်အမျိုးသားတပ်မတော် (KNA) က ဇွန်လ ၂၆ ရက် ယနေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယနေ့ကျရောက်သည့် (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိထားသော မှုးယစ်ဆေးဝါးများကို အများပြည်သူရှေ့မှောက်တွင် ယခုကဲ့သို့ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို ကရင်အမျိုးသားတပ်မတော် (KNA) မှ ဗိုလ်ချုပ်စောချစ်သူနှင့် ဗိုလ်မှူးချုပ် မောင်ဝင်းတို့က ဦးဆောင်၍ ရွှေကုက္ကိုလ်ဒေသ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

