ရွှေကုက္ကိုမြိုင် လမ်းဘေးကားပါကင်ယာဉ်စည်းကမ်းချက်များ
၁။ လမ်းမပေါ်တွင် ယာဉ်များကို အချိန်ကြာမြင့်စွာ ရပ်နားခြင်းမပြုရန်။
၂။ လမ်းမပေါ်တွင် ယာဉ်များကို လက်ဝဲနှင့်လက်ယာ တစ်တန်းတည်းယှဉ်၍ ရပ်နားခြင်းမပြုရန်။
၃။ လမ်းမပေါ်တွင် ယာဉ်နှစ်စီးထပ်၍ရပ်နားခြင်းမပြုရန်။
၄။ လမ်းဘေးရှိယာဉ်များ ကားပါကင်ခွန်ဆောင်ထားခြင်းမရှိပါက တစ်နာရီနှင့်အထက်ရပ်နားခြင်း၊ ညအိပ်ရပ်နားခြင်း မပြုရန်။
၅။ ကားအဝင်အထွက်ရှိသော ခြံရှေ့နှင့်ဆိုင်ရှေ့များတွင် ရပ်နားခြင်းမပြုရန်။
၆။ လမ်းမပေါ်တွင် ယာဉ်ပြောင်းပြန်ရပ်နားခြင်းနှင့်မောင်းနှင်ခြင်း မပြုရန်။
၇။ ကားရပ်ထားမှု အချိန်ကိုအတိအကျမသိပါက ယာဥ်းမောင်းအမည်နှင့် ဖုန်းနံပါတ်ကို ကားခေါင်းပေါ်တွင် မြင်သာအောင်ထားပေးပါ။
အထက်ပါချမှတ်ထားသောစည်းကမ်းချက်များကို မလိုက်နာပါက အရေးယူခြင်းခံရမည်။

