News

ရွှေကုက္ကိုမြိုင် ရွှေပြည်အေးကျောင်းတိုက်၌ နှစ်ထပ်ပရိယတ္တိစာသင်ဆောင် ဆောက်လုပ်ရန် လှူဒါန်းနိုင်ကြောင်း နှိုးဆော်

September 2, 2026
ရွှေကုက္ကိုမြိုင် ရွှေပြည်အေးကျောင်းတိုက်၌ နှစ်ထပ်ပရိယတ္တိစာသင်ဆောင် ဆောက်လုပ်ရန် လှူဒါန်းနိုင်ကြောင်း နှိုးဆော်

ရွှေကုက္ကိုမြိုင်၊ စက်တင်ဘာ ၂

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြိုင်၊ အမှတ် (၂) ရပ်ကွက်ရှိ ရွှေပြည်အေးကျောင်းတိုက်တွင် သံဃာတော်များနှင့် စာသင်သား သာမဏေများ အေးချမ်းစွာ ပရိယတ္တိစာပေ သင်ယူလေ့လာနိုင်ရေးအတွက် နှစ်ထပ် ပရိယတ္တိစာသင်တိုက် သစ်တစ်ဆောင်ကို ဆောက်လုပ်လျက်ရှိရာ ကျောင်းဆောင်ကြီး ပြီးစီးပြည့်စုံစေရန်အတွက် သာသနာနုဂ္ဂဟ စေတနာရှင်များအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ စာသင်တိုက်ကြီးအတွက် အောက်ပါအစိတ်အပိုင်းများကို အထူးလိုအပ်လျက်ရှိပြီး မိမိတို့ သဒ္ဓါတရား ထက်သန်သမျှ သီးသန့်ဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ မတည်လှူဒါန်းနိုင်ကြသည်။

  • အပေါ်ထပ် / အောက်ထပ် မျက်နှာကျက်

  • တံခါးမကြီးများ

  • ပြတင်းပေါက်များ

  • နံရံဆေးလှိုင်း

  • မီးလှိုင်း

  • သံဃာသုံး ကုဋိ (အိမ်သာ)

ဗုဒ္ဓသာသနာတော် ရှည်ကြာတည်တံ့ရေးအတွက် အဓိကကျသော ပရိယတ္တိစာသင်တိုက် ဆောက်လုပ်လှူဒါန်းလိုပါက ရွှေကုက္ကိုမြိုင်၊ အမှတ် (၂) ရပ်ကွက်ရှိ ရွှေပြည်အေးကျောင်းတိုက်သို့ ကိုယ်တိုင်လာရောက်၍ ဆရာတော်ဘုရားထံ မိမိတို့ လှူဒါန်းလိုသည့် ကဏ္ဍအလိုက် တိုင်ပင်မတည် လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားသည်။