News

ရွှေကုက္ကိုမြိုင် ရေမီတာရုံး မိဘပြည်သူများထံ အသိပေးမေတ္တာရပ်ခံခြင်း

June 10, 2026
ရွှေကုက္ကိုမြိုင် ရေမီတာရုံး  မိဘပြည်သူများထံ အသိပေးမေတ္တာရပ်ခံခြင်း

ရွှေကုက္ကိုမြိုင် ရေမီတာရုံး

မိဘပြည်သူများထံ အသိပေးမေတ္တာရပ်ခံခြင်း။

ရွှေကုက္ကိုမြိုင်ဒေသအတွင်း ရေမီတာအသုံးပြုနေကြသော မိဘပြည်သူများအားလုံး
ရေကို အဆင်ပြေချောမွေ့စွာ ပြန်လည်အသုံးပြုနိုင်ရေးအတွက် ယခုမိုးရာသီကာလတွင် ရေသိုလောင်ကန်အတွင်းရှိ ရေများ နောက်ကျိနေမှုကြောင့် ရေသိုလောင်ကန်အား ပြန်လည်သန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်သွားမည် ဖြစ်ပါသဖြင့် –

မနက်ဖြန် (၁၀ – ၆ – ၂၀၂၆) ရက်နေ့ နံနက် (၈:၀၀)နာရီမှ ညနေ(၆:၀၀) နာရီအထိ
ရေဖြန့်ဝေမှုအား ခေတ္တရပ်နားထားမည် ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ရေပြတ်တောက်မည့်အချိန်အတွင်း အဆင်ပြေစေရန်အတွက် လိုအပ်သော ရေပမာဏကို ကြိုတင်စုဆောင်း သိုလှောင်ထားရှိနိုင်ပါရန် လေးစားစွာဖြင့် ကြိုတင်အသိပေး မေတ္တာရပ်ခံအပ်ပါသည်။

လေးစားစွာဖြင့်…
ရွှေကုက္ကိုမြိုင် ရေမီတာရုံး