ရွှေကုက္ကိုမြိုင် ရပ်ကွက် (၃) တွင် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ယူနိုင်ကြောင်း အသိပေး
အောက်တိုဘာ ၆ ရက်
ရွှေကုက္ကိုမြိုင် ရပ်ကွက် (၃) တွင် ၂၀၂၄၊ ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်များအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ဓာတ်ပုံရိုက်ကူးပြုလုပ်ထားသူများအနေဖြင့် မိမိတို့၏ မှတ်ပုံတင်များကို လာရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ထုတ်ယူနိုင်သည့် အသေးစိတ်အချက်အလက်များ
• ထုတ်ယူရန်နေရာ – ရွှေကုက္ကိုမြိုင် ရပ်ကွက် (၃) ကျေးရွာအုပ်ချုပ်ရေးရုံး
• ထုတ်ယူနိုင်သည့်အချိန် – ရုံးဖွင့်ရက်များ၏ နံနက် (၉:၀၀) နာရီမှ ညနေ (၃:၀၀) နာရီအထိ
မှတ်ပုံတင် ပြုလုပ်ထားသူများအနေဖြင့် ရုံးချိန်အတွင်း မိမိတို့၏ မှတ်ပုံတင် ပါဝင်ခြင်း ရှိ/မရှိ လာရောက်ကြည့်ရှု ထုတ်ယူကြရန် အုပ်ချုပ်ရေးရုံးမှ မေတ္တာရပ်ခံထားသည်။

