
ရွှေကုက္ကိုမြိုင်၌ ကျင်းပမည့် (၂၇) ကြိမ်မြောက် ကရင့်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ ပွဲတော်အထိမ်းအမှတ် တေးသီချင်းပြိုင်ပွဲ စည်းကမ်းချက်များနှင့် ဆုကြေးများ ထုတ်ပြန်
မြဝတီ | ရွှေကုက္ကိုမြိုင်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြိုင်ကျေးရွာတွင် ကျင်းပပြုလုပ်မည်ဖြစ်သော (၂၇) ကြိမ်မြောက် ကရင့်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ ပွဲတော်အထိမ်းအမှတ် တေးသီချင်းပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် စည်းကမ်းချက်များနှင့် ချီးမြှင့်မည့် ဆုကြေးငွေစာရင်းများကို ပွဲတော်ကျင်းပရေးကော်မတီက ထုတ်ပြန်လိုက်သည်။
ပြိုင်ပွဲဝင် စည်းကမ်းချက်များ
-
သီချင်းသစ်ဖြစ်ရမည် – တစ်ကိုယ်တော်၊ စုံတွဲ နှင့် အဖွဲ့လိုက် ယှဉ်ပြိုင်မည့် တေးသီချင်းများသည် မည်သည့် Social Media ပလတ်ဖောင်းပေါ်တွင်မျှ လွှင့်တင်ထားခြင်း မရှိသေးသည့် သီချင်းသစ်များ ဖြစ်ရမည်။
-
မူပိုင်ခွင့်နှင့် ထုတ်လုပ်ခွင့် – ဆုရရှိသော တေးသီချင်းများကို ပြိုင်ပွဲကော်မတီမှ ပြန်လည်ထုတ်လုပ်ပေးမည်ဖြစ်သဖြင့် တေးသီချင်းစာသားနှင့် တေးရေးဆရာ၏ ခွင့်ပြုကြောင်း လက်မှတ် တင်ပြနိုင်ရမည်။
-
သီချင်းတိုက်ရက် တက်ရောက်ရမည် – ပြိုင်ပွဲဝင် တေးသီချင်းများကို တီးခတ်ယှဉ်ပြိုင်ရမည်ဖြစ်ရာ ကိုယ်ပိုင်အတီးအဖွဲ့ပါဝင်သူများမှလွဲ၍ ကျန်ပြိုင်ပွဲဝင်များအနေဖြင့် သီချင်းတိုက်မည့်ရက်တွင် မပျက်မကွက် လာရောက်ရမည်။ (သီချင်းတိုက်မည့် ရက်၊ အချိန်နှင့် နေရာကို ပြန်လည်အကြောင်းကြားမည်။)
-
အကြောင်းအရာနှင့် ဘာသာစကား – သီချင်းစာသားများသည် ကရင့်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ပွဲတော်အား ရည်ညွှန်းရေးစပ်ထားသည့် စာသားများသာ ဖြစ်ရမည်ဖြစ်ပြီး အရှေ့ပိုးနှင့် စကော ကရင်နှစ်ဘာသာဖြင့်သာ ယှဉ်ပြိုင်ခွင့်ပြုမည်။
-
ပြိုင်ပွဲဝင်ခွင့် အမျိုးအစား –
-
အဖွဲ့လိုက်တေးသီချင်းတွင် ပါဝင်ယှဉ်ပြိုင်သူများသည် တစ်ကိုယ်တော်တစ်ပုဒ်နှင့် စုံတွဲတစ်ပုဒ် ထပ်မံယှဉ်ပြိုင်ခွင့်ရှိသည်။
-
အဖွဲ့လိုက် – အမျိုးသား (၅) ဦး + အမျိုးသမီး (၅) ဦး သို့မဟုတ် အမျိုးသား (၇) ဦး + အမျိုးသမီး (၇) ဦး။
-
စုံတွဲ – အမျိုးသား (၁) ဦး + အမျိုးသမီး (၁) ဦး။
-
တစ်ကိုယ်တော် – အမျိုးသား သို့မဟုတ် အမျိုးသမီး။
-
-
ဝတ်စားဆင်ယင်မှုနှင့် စည်းကမ်း – ပြိုင်ပွဲဝင်များအနေဖြင့် ပြိုင်ပွဲမစမီ ပွဲခင်းနေရာသို့ ကြိုတင်သတင်းပေးပို့ရမည်ဖြစ်ပြီး ကရင့်ရိုးရာ ဝတ်စုံပြည့်ဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်ရမည်။ ထို့အပြင် ရိုးရာမျိုးချစ်စိတ်ကို အရင်းပြု၍ ပြိုင်ပွဲစည်းကမ်းများနှင့် အမှတ်ပေးဒိုင်များ၏ ဆုံးဖြတ်ချက်ကို လေးစားယုံကြည် လက်ခံရမည်ဖြစ်သည်။
ချီးမြှင့်မည့် ဆုကြေးငွေများ
၁။ အုပ်စုသီချင်းဆု
-
ပထမဆု – ၂၀,၀၀၀ ဘတ်
-
ဒုတိယဆု – ၁၅,၀၀၀ ဘတ်
-
တတိယဆု – ၁၀,၀၀၀ ဘတ်
၂။ စုံတွဲသီချင်းဆု
-
ပထမဆု – ၈,၀၀၀ ဘတ်
-
ဒုတိယဆု – ၆,၀၀၀ ဘတ်
-
တတိယဆု – ၄,၀၀၀ ဘတ်
၃။ တစ်ကိုယ်တော်ဆု
-
ပထမဆု – ၅,၀၀၀ ဘတ်
-
ဒုတိယဆု – ၄,၀၀၀ ဘတ်
-
တတိယဆု – ၃,၀၀၀ ဘတ်
၄။ တေးသီချင်းဆု (ရေးစပ်သူ)
-
ပထမဆု – ၅,၀၀၀ ဘတ်
-
ဒုတိယဆု – ၄,၀၀၀ ဘတ်
-
တတိယဆု – ၃,၀၀၀ ဘတ်
သတင်းရင်းမြစ် – ပွဲတော်ကျင်းပရေးကော်မတီ (ရွှေကုက္ကိုမြိုင်)
