ရွှေကုက္ကိုမြိုင်ဒေသရှိ “ရွှေပြည်အေးကျောင်းပရိယတ္တိစာသင်တိုက်” ကြီး၏ နောက်ဆုံးအကျော့ ကျောင်းဆောင်
ဆောက်လုပ်ရေးအတွက် အလှူရှင်များ ဖိတ်ခေါ် ရွှေကုက္ကိုမြိုင် ၊ အောက်တိုဘာ ၂၅။ ရွှေကုက္ကိုမြိုင်ဒေသတွင်
သာသနာ့အမွေအနှစ်များ ထွန်းကားပြန့်ပွားစေရန်နှင့် စာပေကျမ်းဂန်များ အဆင်ပြေချောမွေ့စွာ သင်ကြားပို့ချနိုင်ရန်
ရည်ရွယ်၍ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော “ရွှေပြည်အေးကျောင်းပရိယတ္တိစာသင်တိုက်” ကြီး၏
ဆောက်လုပ်ရေးလုပ်ငန်းများမှာ ယခုအခါ နောက်ဆုံးအကျော့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ စာသင်တိုက်ကြီး
ဆောက်လုပ်မှုလုပ်ငန်းများ အမြန်ဆုံး ပြီးမြောက်အောင်မြင်နိုင်ရေးအတွက် လက်ရှိတွင် လိုအပ်လျက်ရှိသော လုပ်ငန်းများ
အတွက် အလှူရှင်အင်အား အနည်းငယ် လိုအပ်နေသေးကြောင်း သိရသည်။ သို့ဖြစ်ပါ၍ ရပ်ဝေရပ်နီးမှ သဒ္ဓါတရား
ထက်သန်ကြကုန်သော မိဘ၊ ညီအစ်ကို၊ မောင်နှမ အလှူရှင်အပေါင်းတို့အနေဖြင့် မိမိတို့၏ သဒ္ဓါတရားအလျောက် နည်း
သည်များမဆို ကိုယ်တိုင်ကိုယ်ကျသော်လည်းကောင်း၊ တဆင့်ခံ၍သော်လည်းကောင်း သာသနာ့ဒါယကာခံယူကာ ကုသိုလ်
တော်များ ပါဝင်ကူညီလှူဒါန်းနိုင်ကြပါရန် လေးစားစွာဖြင့် ကုသိုလ်နှိုးဆော်အပ်ပါသည်။ အလှူငွေများ ပါဝင်ထည့်လှူဒါန်းလို
ပါက အောက်ပါ ဖုန်းနံပါတ်များနှင့် Page Chatbox (Cb) တို့မှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်- • အကျိုးဆောင် ဖုန်း
နံပါတ်များ:
o 09-751162356
o 09-793988089
o 09-668045122

