News

ရွှေကုက္ကိုမြိုင်တွင် (၇၆) ကြိမ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနား ပထမဆုံးအကြိမ် ကျင်းပ

August 12, 2026
ရွှေကုက္ကိုမြိုင်တွင် (၇၆) ကြိမ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနား ပထမဆုံးအကြိမ် ကျင်းပ

 

ရွှေကုက္ကိုမြိုင်တွင် (၇၆) ကြိမ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနား ပထမဆုံးအကြိမ် ကျင်းပ

ဩဂုတ် ၁၂၊ ၂၀၂၆

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြိုင်ရှိ ကရင်နှစ်သစ်ကူးကွင်း၌ (၇၆) ကြိမ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ယနေ့ (ဩဂုတ်လ ၁၂ ရက်) တွင် ပထမဆုံးအကြိမ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ရပ်ကွက်အသီးသီးမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး၊ ကရင်အမျိုးသားများ၏ စည်းလုံးညီညွတ်မှုကို ပြသသည့် အခမ်းအနားတစ်ခုအဖြစ် တွေ့ရှိရသည်။

အခမ်းအနားတွင် ကျဆုံးသွားခဲ့ပြီးဖြစ်သော ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး အပါအဝင် ကရင့်အာဇာနည် သူရဲကောင်းများအား လေးစားစွာ အောက်မေ့သတိရလျက် ၎င်းတို့၏ စွန့်လွှတ်အနစ်နာခံမှုနှင့် ရဲရင့်သော စိတ်ဓာတ်များကို ဦးညွှတ် အလေးပြုခဲ့ကြသည်။

ရွှေကုက္ကိုမြိုင်တွင် ကရင့်အာဇာနည်နေ့ကို ယခုကဲ့သို့ ပထမဆုံးအကြိမ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းနှင့် ဒေသခံပြည်သူများ၊ တာဝန်ရှိသူများ စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ခဲ့ကြခြင်းတို့အတွက် ပါဝင်သူအသီးသီးက ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောဆိုခဲ့ကြသည်။

Photo: Credit to ARKU