ရွှေကုက္ကိုမြိုင်တွင် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) စင်တာ စတင်ဖွင့်လှစ်၊ ကျောင်းသားသစ်များ စတင်လက်ခံနေ
ရွှေကုက္ကိုမြိုင်၊ ဇူလိုင် ၅၊ ၂၀၂၆
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြိုင်၌ ပညာသင်ယူခွင့် အခွင့်အလမ်းနည်းပါးသည့် ကလေးငယ်များအတွက် ရည်ရွယ်၍ ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) စင်တာကို ယနေ့ (ဇူလိုင် ၅ ရက်) တွင် တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
အဆိုပါ NFPE စင်တာသည် ပညာသင်ယူမှု အခွင့်အလမ်း လက်လွတ်နေရသည့် ကလေးငယ်များအတွက် မူလတန်းအဆင့် ပညာရေးကို ပြန်လည်ရရှိစေရန်နှင့် ၎င်းတို့၏ အနာဂတ်ရည်မှန်းချက်များ ရှင်သန်နိုင်စေရန် ရည်ရွယ်၍ တည်ထောင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် စင်တာဖွင့်ပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပြီး၊ ကျောင်းသူ/ကျောင်းသားသစ်များအတွက် သင်ကြားရေးလုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။ ထို့အပြင် ကျောင်းအပ်နှံလိုသည့် ကလေးငယ်များကိုလည်း ဆက်လက်လက်ခံပေးနေကြောင်း သိရသည်။
မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့၏ ရင်သွေးငယ်များ ပညာသင်ယူခွင့် အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် ရွှေကုက္ကိုမြိုင်ရှိ NFPE စင်တာသို့ အမြန်ဆုံး လာရောက်ဆက်သွယ်၍ ကျောင်းအပ်နှံနိုင်ကြောင်း သတင်းကောင်းပါး အသိပေးနှိုးဆော်အပ်ပါသည်။

