ရေဘေးသဏ္ဍာန်တူ ရှာဖွေကယ်ဆယ်ရေး သရုပ်ပြပွဲတွင် KCO လူမှုကယ်ဆယ်ရေးအသင်း တက်ကြွစွာ ပါဝင်ဆောင်ရွက်
၂၀၂၆၊ ဇူလိုင် ၂၂။
သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှု စွမ်းရည်များ မြင့်မားလာစေရန်ရည်ရွယ်ကျင်းပပြုလုပ်သော ရေဘေးသဏ္ဍာန်တူ ရှာဖွေကယ်ဆယ်ရေး သရုပ်ပြပွဲအခမ်းအနားတွင် KCO လူမှုကယ်ဆယ်ရေးအသင်းအနေဖြင့် တစ်ခန်းတစ်ကဏ္ဍမှ တက်ကြွစွာ ပါဝင်အားဖြည့်ခဲ့ကြောင်း သိရသည်။
အဆိုပါ သရုပ်ပြပွဲတွင် မိုးရာသီကာလများ၌ ဖြစ်ပွားတတ်သော ရေကြီးရေလျှံမှုအန္တရာယ်များ ကြုံတွေ့လာရသည့်အခါသက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့်အတူ လက်တွဲပူးပေါင်းကာ အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် လက်တွေ့သရုပ်ပြသမှုများကို အဓိကထား လုပ်ဆောင်ခဲ့ကြသည်။
အဆိုပါ သရုပ်ပြပွဲသို့ သက်ဆိုင်ရာ လူမှုကူညီရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ရေဘေးအရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ နည်းပညာများနှင့် အသုံးအဆောင်ပစ္စည်းများ အသုံးပြုပုံတို့ကို အပြန်အလှန် ဖလှယ်လေ့လာခဲ့ကြကြောင်းသတင်းရရှိသည်။

