မြိုင်ကြီးငူ-မယ်သဝေါ လမ်းဘေးဝဲ/ယာ ချဲ့ထွင်၍ ကွန်ကရစ်လောင်းခြင်း လုပ်အားဒါနပြု
၂၀၂၆၊ စက်တင်ဘာ ၁၀
မြိုင်ကြီးငူအထူးဒေသ၊ စုံနံ့သာမြိုင်ဆွေမြို့တော်ရှိ မြိုင်ကြီးငူ-မယ်သဝေါ ပြည်လင်းအေးမြိုင် ကားလမ်းမပေါ်၊ မကြီး ကျုံထော်ရေတံခွန်အနီးတွင် လမ်းဘေးဝဲ/ယာ ချဲ့ထွင်ခြင်း၊ ကျောက်စီခြင်းနှင့် ကွန်ကရစ်လောင်းခြင်း လုပ်ငန်းများကို ယနေ့ (သာသနာသက္ကရာဇ် ၂၅၇၀ ပြည့်နှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက်) ကြာသပတေးနေ့၊ နံနက် ၇:၃၀ နာရီအချိန်က စတင်ဆောင်ရွက်လျက် ရှိပါသည်။
အဆိုပါ လမ်းပြင်ဆင်မှု လုပ်ငန်းများကို ကျေးဇူးတော်ရှင် ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက (သီရိပျံချီ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ နိုင်ငံတကာဘာသာရေးထူးချွန်ဆုရမထေရ်မြတ်)၊ မြိုင်ကြီးငူတိုက်အုပ်ဆရာတော် ဘဒ္ဒန္တကုသလ တို့၏ ဦးဆောင်မှုဖြင့် မြိုင်ကြီးငူ ပြည်တော်ဝင်မိသားစု တပည့်ဒါယကာ၊ ဒါယိကာမများက အတူတကွ လုပ်အားဒါနပြု၍ ပါဝင်ဆောင်ရွက်နေကြခြင်း ဖြစ်ပါသည်။

