News

မြိုင်ကြီးငူ-မယ်သဝေါ လမ်းပိုင်းရှိ ရေတိုက်စား မြေပြိုသွားသည့် တံတားအား မြိုင်ကြီးငူဆရာတော်နှင့် အဖွဲ့က သွားလာရေး အဆင်ပြေစေရန် ပြုပြင်ပေးခဲ့  

August 14, 2026

၂၀၂၆ သြဂုတ် ၁၄ ရက်

သာသနာ သက္ကရာဇ် ၂၅၇၀ ပြည့်၊ ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလကွယ်နေ့ (၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်) ကြာသပတေးနေ့ နံနက် ၇ နာရီခွဲအချိန်တွင် မြိုင်ကြီးငူအထူးဒေသ၊ စုံနံ့သာမြိုင်ဆွေမြို့တော်၊ မြိုင်ကြီးငူ-မယ်သဝေါသွား ပြည်လင်းအေးမြိုင် ကားလမ်းမကြီး၊ တောင်စွန်းကျေးရွာအနီးရှိ တံတားငယ်တစ်စင်းမှာ ရေတိုက်စားမှုကြောင့် မြေပြိုကျခဲ့ပြီး မော်တော်ယာဉ်ကြီး/ငယ်များ သွားလာရန် အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

အဆိုပါ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကို ပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင်စေရန်အတွက် ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက (သီရိပျံချီ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ နိုင်ငံတကာဘာသာရေးထူးချွန်ဆုရ မထေရ်မြတ်)၊ မြိုင်ကြီးငူ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တကုသလ၊ ဥက္ကဋ္ဌ အဖိုး ဗိုလ်ချုပ်ထွန်းလှိုင်၊ ဗိုလ်မှူးကြီး စောအောင်လင်းတို့ ဦးဆောင်သော အဖွဲ့နှင့်အတူ မြိုင်ကြီးငူ ပြည်တော်ဝင်မိသားစု တပည့်ဒါယကာ၊ ဒါယိကာမများက လုပ်အားဒါနဖြင့် ပါဝင်ကူညီခဲ့ကြသည်။

၎င်းအဖွဲ့သည် ကျောက်ကြီး၊ ကျောက်ငယ်များစွာကို သယ်ဆောင်လာကာ ပျက်စီးသွားသည့် တံတားငယ်အား စေတနာထက်သန်စွာဖြင့် မွမ်းမံပြင်ဆင်ပေးခဲ့ကြသဖြင့် ခရီးသွားပြည်သူများ ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။