မြိုင်ကြီးငူ ဘေသဇ္ဇမုနိ ကြေးသွန်းဘုရားကြီး ကားလမ်းနှင့် ရေစီးမြောင်း ပြုပြင်တည်ဆောက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်
သာသနာသက္ကရာဇ် ၂၅၇၀ ပြည့်နှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လဆန်း (၄) ရက် (၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်) တနင်္ဂနွေနေ့ နံနက် ၇ နာရီခွဲအချိန်တွင် မြိုင်ကြီးငူအထူးဒေသ၊ စုံနံ့သာမြိုင်ဆွေမြို့တော်ရှိ ဘေသဇ္ဇမုနိ ကြေးသွန်းဘုရားကြီးသွား ကားလမ်းအား ကွန်ကရစ်ခင်းခြင်းနှင့် လမ်းဘေး ဝဲ/ယာ ရေစီးမြောင်းများ ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လမ်းနှင့် ရေမြောင်း ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများကို ကျေးဇူးတော်ရှင် ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက (သီရိပျံချီ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ နိုင်ငံတကာဘာသာရေးထူးချွန်ဆုရမထေရ်မြတ်) နှင့် မြိုင်ကြီးငူတိုက်အုပ်ဆရာတော် ဘဒ္ဒန္တကုသလတို့၏ ဦးဆောင်မှုဖြင့် မြိုင်ကြီးငူ ပြည်တော်ဝင်မိသားစု တပည့် ဒါယကာ၊ ဒါယိကာမများက လုပ်အားဒါနကုသိုလ်ပါဝင်၍ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

