News

မြိုင်ကြီးငူ ဒုတိယဆရာတော်ကြီးနှင့် တပည့်ဒါယကာများ စုပေါင်း၍ မာလာမြိုင်ရပ်ကွက်သွား လမ်းဘေးရေစီးမြောင်း သန့်ရှင်းရေးနှင့် ကွန်ကရစ်လောင်းခြင်း လုပ်အားဒါနပြု

August 12, 2026

မြိုင်ကြီးငူ၊ သြဂုတ် ၁၂
ကရင်ပြည်နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ စုံနံ့သာမြိုင်ဆွေမြို့တော်ရှိ မာလာမြိုင်ရပ်ကွက်သွား ကားလမ်းမကြီး ဘေးဝဲ/ယာ ရေစီးမြောင်းများ လေလွင့်ရေဆိုး သွားလာမှု ကောင်းမွန်စေရန်အတွက် သာသနာသက္ကရာဇ် ၂၅၇၀ ပြည့်နှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် (၁၃) ရက် (၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်) အင်္ဂါနေ့ ည ၆ နာရီခွဲအချိန်က စုပေါင်းလုပ်အားဒါနပြု တူးဖော်ပြင်ဆင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လုပ်အားဒါနပြုပွဲကို ကျေးဇူးတော်ရှင် ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက (သီရိပျံချီ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ နိုင်ငံတကာဘာသာရေးထူးချွန်ဆုရ မထေရ်မြတ်) နှင့် မြိုင်ကြီးငူတိုက်အုပ်ဆရာတော် ဘဒ္ဒန္တကုသလ တို့ အမှူးပြု၍ မြိုင်ကြီးငူ ပြည်တော်ဝင်မိသားစု တပည့်ဒါယကာ၊ ဒါယိကာမများ စုပေါင်းပါဝင်ခဲ့ကြသည်။
စုပေါင်းလုပ်အားဒါနပြုအဖွဲ့သည် နန်းဦးစေတီအနီး၊ အောင်မင်္ဂလာနှစ်ထပ်ကျောင်းတိုက်အရှေ့ မာလာမြိုင်ရပ်ကွက်သွား ကားလမ်းမကြီးဘေး ဝဲ/ယာရှိ ရေစီးမြောင်းများကို မြေကြီးများ တူးဖော်ပြင်ဆင်၍ ကွန်ကရစ် ရေစီးမြောင်းဖြစ်မြောက်စေရေးအတွက် စနစ်တကျ ကွန်ကရစ်လောင်းခြင်း လုပ်ငန်းများကို အတူတကွ ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ စုပေါင်းလုပ်အားဒါန ပြုလုပ်ပေးကြသော အဖွဲ့သားများအား ဒုတိယမြိုင်ကြီးငူဆရာတော်ကြီးက သဒ္ဓါတရား ထက်သန်စွာဖြင့် မုန့်ဖိုးများနှင့် ရေချိုးခန်းသုံး ပစ္စည်းများဖြစ်သည့် ခေါင်းလျှော်ရည်၊ ဆပ်ပြာများကို စေတနာထက်သန်စွာဖြင့် ထောက်ပံ့ချီးမြှင့်ပေးအပ်ခဲ့သည်။