မြိုင်ကြီးငူအထူးဒေသ၌ ဘေသဇ္ဇမုနိ ဘုရားကြီးသွား ကားလမ်းနှင့် ရေနုတ်မြောင်းများ ပြုပြင်တည်ဆောက်
မြိုင်ကြီးငူ၊ အဩဂုတ် ၂၄
မြိုင်ကြီးငူအထူးဒေသ၊ စုံနံ့သာမြိုင်ဆွေမြို့တော်ရှိ ဘေသဇ္ဇမုနိ ကြေးသွန်းဘုရားကြီးသို့ သွားရောက်သည့် ကားလမ်းအား ကွန်ကရစ်ခင်းခြင်းနှင့် လမ်းဘေး ဝဲ/ယာ ရေစီးမြောင်းများ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများကို အဩဂုတ်လ ၂၃ ရက် (ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက်) နံနက် ၇ နာရီခွဲအချိန်မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လမ်းနှင့် ရေနုတ်မြောင်း ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများကို ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက (သီရိပျံချီ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ)၊ မြိုင်ကြီးငူတိုက်အုပ်ဆရာတော် ဘဒ္ဒန္တကုသလတို့၏ ဦးဆောင်မှုဖြင့် မြိုင်ကြီးငူ ပြည်တော်ဝင်မိသားစု တပည့်ဒါယကာ၊ ဒါယိကာမများက စုပေါင်း၍ လုပ်အားဒါနပြု ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

