News

မြိုင်ကြီးငူအထူးဒေသတွင် ကရင်ဘာသာပြန် ပိဋကတ်ကျောက်စာတော်တိုက်ကြီး တည်ဆောက်ပြုပြင်ရေး လုပ်အားဒါနပြုလုပ်

August 4, 2026

ဩဂုတ် ၄၊ ၂၀၂၆
သာသနာသက္ကရာဇ် ၂၅၇၀ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် (၆) ရက် (၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်)၊ အင်္ဂါနေ့ နံနက် (၆:၃၀) နာရီအချိန်တွင် မြိုင်ကြီးငူအထူးဒေသ၊ စုံနံ့သာမြိုင်ဆွေမြို့တော်ရှိ ကရင်ဘာသာပြန် ပိဋကတ်ကျောက်စာတော်တိုက်ကြီး တည်ဆောက်ပြုပြင်ရန်အတွက် လိုအပ်သောကျောက်များကို လုပ်အားဒါနကုသိုလ်ပြုလျက်ရှိကြသည်။
ကျေးဇူးတော်ရှင် ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက (သီရိပျံချီ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ နိုင်ငံတကာဘာရေးထူးချွန်ဆုရ မထေရ်မြတ်) နှင့် မြိုင်ကြီးငူတိုက်အုပ်ဆရာတော် ဘဒ္ဒန္တကုသလတို့၏ ဩဝါဒကိုခံယူလျက် တပည့်ဒါယကာ၊ ဒါယိကာမ အဖွဲ့သားအားလုံးက ကျောက်များကို ကားပေါ်တင်ဆောင်သယ်ယူကာ ကွန်ကရစ်လောင်းခြင်း လုပ်ငန်းများကို စုပေါင်းလုပ်အားဒါနဖြင့် ဆောင်ရွက်နေကြပါသည်။
ယခုကဲ့သို့ ကုသိုလ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြသော နတ်၊ လူ၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့က သာဓုခေါ်ဆိုနိုင်ကြပါစေကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။