News

မြိုင်ကြီးငူတွင် ဓမ္မစကူလ်းသင်တန်းဖွင့်ပွဲနှင့် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပပြုလုပ်

July 30, 2026
မြိုင်ကြီးငူတွင် ဓမ္မစကူလ်းသင်တန်းဖွင့်ပွဲနှင့် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပပြုလုပ်

မြိုင်ကြီးငူတွင် ဓမ္မစကူလ်းသင်တန်းဖွင့်ပွဲနှင့် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပပြုလုပ်

မြိုင်ကြီးငူ

ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသ၌ မြိုင်ကြီးငူ ဓမ္မစကူလ်းသင်တန်းဖွင့်ပွဲနှင့် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မင်္ဂလာအခမ်းအနားတွင် ဒေသတွင်းရှိ ကျောင်းသားကျောင်းသူများ ဘာသာတရားကိုင်းရှိုင်းပြီး ယဉ်ကျေးလိမ္မာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် ဓမ္မစကူလ်းသင်တန်းဖွင့်ပွဲနှင့်အတူ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထူးခြားချက်အနေဖြင့် G-12 ကျောင်းသားကျောင်းသူလူငယ်များက အခမ်းအနား အစအဆုံးအတွက် လိုအပ်သည့် လုပ်အားဒါနများကို တက်ကြွစွာ ပါဝင်ကုသိုလ်ယူ ပံ့ပိုးပေးခဲ့ကြသည်။ သာသနာရေးဆိုင်ရာ ပရဟိတလုပ်ငန်းများတွင် လူငယ်များ၏ တက်ကြွစွာ ပါဝင်အားဖြည့်မှုသည် ဒေသတွင်းအတွက် အားရစရာ မြင်ကွင်းတစ်ခု ဖြစ်ပေသည်။

ယခုကဲ့သို့ သာသနာ့ဘောင်နှင့် ပတ်သက်သည့် ကုသိုလ်ကောင်းမှုတို့တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်အားဖြည့်ခဲ့ကြသော လူငယ်မောင်မယ်များအနေဖြင့် နောင်လာမည့် တက္ကသိုလ်ဝင်စာမေးပွဲကြီးကို တစ်နှစ်ချင်းပေါက် အောင်မြင်နိုင်ကြပါစေကြောင်း သတင်းကောင်းပါး ဆုတောင်းအပ်ပါသည်။