News

မြဝတီမြို့နယ်၊ သစ်ကတေစံပြကျေးရွာရှိ ဆာ့တောနော်အထက်တန်းကျောင်းတွင် မိုးရာသီအားကစားပြိုင်ပွဲ ကျင်းပ

July 19, 2026
မြဝတီမြို့နယ်၊ သစ်ကတေစံပြကျေးရွာရှိ ဆာ့တောနော်အထက်တန်းကျောင်းတွင် မိုးရာသီအားကစားပြိုင်ပွဲ ကျင်းပ

မြဝတီမြို့နယ်၊ သစ်ကတေစံပြကျေးရွာရှိ ဆာ့တောနော်အထက်တန်းကျောင်းတွင် မိုးရာသီအားကစားပြိုင်ပွဲ ကျင်းပ

မြဝတီ – ဇူလိုင် ၁၇၊ ၂၀၂၆

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ သစ်ကတေစံပြကျေးရွာ၊ ဆာ့တောနော်အထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ကာယနှင့် စိတ်ဓာတ်ကြံ့ခိုင်မှု ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မိုးရာသီအားကစားပွဲတော်ကို ယနေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အားကစားပွဲတော်အား ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံဗလငါးတန်ဖြစ်သည့် ကာယဗလ (ခန္ဓာကိုယ်ကြံ့ခိုင်မှု)၊ ဉာဏဗလ (ဉာဏ်ပညာဖွံ့ဖြိုးမှု)၊ မိတ္တဗလ (ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှု)၊ စာရိတ္တဗလ (ကိုယ်ကျင့်တရားကောင်းမွန်မှု) နှင့် ဘောဂဗလ (အသက်မွေးဝမ်းကျောင်းဆိုင်ရာ အသိပညာ/အရည်အချင်း) တို့နှင့် ပြည့်ဝသည့် ထူးချွန်ထက်မြက်သော လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်။

ပွဲတော်အတွင်း ကျောင်းသား၊ ကျောင်းသူများက အားကစားလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး အားကစားပြိုင်ပွဲများမှတစ်ဆင့် တစ်ဦးနှင့်တစ်ဦး စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများကိုလည်း လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြောင်း သိရှိရသည်။