
ဩဂုတ် ၁၈၊ ၂၀၂၆
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြိုင်ရှိ ကရင်ဆေးကောလိပ်၏ (၂၀၂၄-၂၀၂၆) ပထမကြိမ် သားဖွားဒီပလိုမာ (၂) နှစ်သင်တန်း ဘွဲ့နှင်းသဘင်အခမ်းအနားကို ဩဂုတ်လ ၁၇ ရက်နေ့က ရွှေကုက္ကိုမြိုင် ဘိုးဘွားရိပ်သာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ကြိုးစားအားထုတ်စွာ တက်ရောက်ပြီး အောင်မြင်ခဲ့သည့် သားဖွားဒီပလိုမာဘွဲ့ရ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့သည်။
ယခု ဘွဲ့ရရှိသွားသည့် သားဖွားဒီပလိုမာ သင်တန်းသူများသည် မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍများတွင် ပြည်သူများကို ထိရောက်စွာ ကူညီစောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
