News

မြဝတီမြို့နယ်ရှိ အ.ထ.က (ရွှေကုက္ကိုမြိုင်) နှင့် အ.ထ.က (ခွဲ) သဲပုံတို့မှ တက္ကသိုလ်ဝင်တန်း ထူးချွန်ကျောင်းသား/သူများနှင့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုညစာစားပွဲ ကျင်းပ

July 27, 2026

မြဝတီ၊ ဇူလိုင် ၂၆၊ ၂၀၂၆

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းများနှင့် ကျောင်းခွဲများမှ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် လေ့ကျင့်သင်ကြားပေးခဲ့ကြသည့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုသည့်အနေဖြင့် ညစာစားပွဲ အခမ်းအနားကို ယနေ့ (ဇူလိုင်လ ၂၆ ရက်) တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို မြဝတီမြို့နယ်၊ အ.ထ.က (ရွှေကုက္ကိုမြိုင်) နှင့် အ.ထ.က (ခွဲ) သဲပုံတို့မှ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ခြင်းကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်ဖိုးဖိုးစောချစ်သူ (KNA) မိသားစုက ဦးစီးကျင်းပပေးခဲ့ခြင်း ဖြစ်သည်။

ယင်းဂုဏ်ပြုညစာစားပွဲတွင် စေတနာ၊ ဝိရိယအပြည့်ဖြင့် အသိပညာ၊ အတတ်ပညာများ သင်ကြားပြသပေးခဲ့ကြသော ဆရာ၊ ဆရာမများနှင့် တက်ကြွစွာ ကြိုးစားအားထုတ်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ အောင်မြင်မှုကို ဂုဏ်ပြုစကားများ အသီးသီးပြောကြားခဲ့ကြပြီး ဗိုလ်ချုပ်ဖိုးဖိုးစောချစ်သူ (KNA) မိသားစုမှ အမှတ်တရ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ထူးချွန်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နောင်အနာဂတ်တွင် ဒေသနှင့်နိုင်ငံအတွက် အားထားရသည့် ထူးချွန်ထက်မြက်သော လူငယ်ပညာရှင်များ ဖြစ်လာစေရန် ဆုမွန်ကောင်းတောင်းပေးခဲ့ကြကြောင်း သတင်းရရှိသည်။