
မြဝတီ၊ ဩဂုတ် ၂၁
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ထာဝရ ကရင်အမျိုးသားနှစ်သစ်ကူးကွင်း၌ ကျင်းပသည့် (၂၅)ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော် အထိမ်းအမှတ်အဖြစ် ကွင်းဘေးပတ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် အဆိုပါ အခမ်းအနားနှင့်အတူ ကွင်းအတွင်းနှင့် ကွင်းပတ်ဝန်းကျင်၌ရှိကြသော မြင်အပ်၊ မမြင်အပ်သော ပုဂ္ဂိုလ်သတ္တဝါများနှင့် မကျွတ်မလွတ်သေးသူများအား ရည်စူး၍ ကောင်းမှုကုသိုလ်ပြု တရားနာယူခြင်း၊ ရေစက်သွန်ချ အမျှဝေခြင်းများကိုပါ တစ်ပါတည်း ကျင်းပပြုလုပ်ခဲ့ကြသည်။
