News

မြဝတီတွင် ဘတ်ငွေအတု သိန်းနှင့်ချီသုံးစွဲသူ နှစ်ဦးကို KNA ဖမ်းဆီးပြီး ရဲစခန်းသို့ လွှဲပြောင်း

June 22, 2026
မြဝတီတွင် ဘတ်ငွေအတု သိန်းနှင့်ချီသုံးစွဲသူ နှစ်ဦးကို KNA ဖမ်းဆီးပြီး ရဲစခန်းသို့ လွှဲပြောင်း

မြဝတီတွင် ဘတ်ငွေအတု သိန်းနှင့်ချီသုံးစွဲသူ နှစ်ဦးကို KNA ဖမ်းဆီးပြီး ရဲစခန်းသို့ လွှဲပြောင်း

ဇွန်လ ၂၂ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ထိုင်းဘတ်ငွေအတု သိန်းနှင့်ချီ သုံးစွဲနေသူ နှစ်ဦးကို ကရင်အမျိုးသားတပ်မတော် (KNA) က ဖမ်းဆီးရမိခဲ့ပြီး မြဝတီမြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံလိုက်ကြောင်း သိရသည်။

ဘတ် ၁,၀၀၀ တန် ငွေစက္ကူအတု စုစုပေါင်း ၄ သိန်း ၉ သောင်းနှင့်အတူ အဆိုပါ အမျိုးသားနှစ်ဦးကို KNA မှ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်နှင့် အဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် တရားဥပဒေအရ အရေးယူနိုင်ရန် ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဘတ်ငွေအတုများသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်ခုမှတစ်ဆင့် စုစုပေါင်း ဘတ် ၁၀ သိန်းခန့် တင်သွင်းလာခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရပြီး လက်ရှိတွင် ငွေအတု သုံးစွဲသူများထံမှ ၄ သိန်း ၉ သောင်းကိုသာ ဖမ်းဆီးရမိသေးခြင်း ဖြစ်သည်။

ကျန်ရှိနေသေးသည့် ဘတ်ငွေအတုများကိုလည်း ဆက်လက်ရှာဖွေ ဖော်ထုတ်ဖမ်းဆီးသွားမည်ဖြစ်ကြောင်း KNA ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောကြားခဲ့သည်။ ရဲစခန်းသို့ လွှဲပြောင်းခံရသူ နှစ်ဦးကိုမူ မြန်မာနိုင်ငံ တရားဥပဒေအတိုင်း ထိရောက်စွာ အရေးယူသွားမည်ဟု သိရသည်။