News

ဘားအံမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအတွက် အလှူရှင်မိသားစုမှ ကျပ်သိန်း ၁၅၀ လှူဒါန်း

July 2, 2026
ဘားအံမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအတွက် အလှူရှင်မိသားစုမှ ကျပ်သိန်း ၁၅၀ လှူဒါန်း

ဘားအံမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအတွက် အလှူရှင်မိသားစုမှ ကျပ်သိန်း ၁၅၀ လှူဒါန်း

ဘားအံ၊ ဇူလိုင် ၂ ရက်

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအတွက် လိုအပ်လျက်ရှိသော ရေစင်၊ ကွန်ပြူတာနှင့် ဘင်ခရာဝတ်စုံများ ဝယ်ယူတပ်ဆင်နိုင်ရန်အတွက် ရွှေကုက္ကိုမှ စေတနာရှင် ဗျူဟာမှူး ဗိုလ်မှူးကြီး စောထူးအဲ့မှုးနှင့် ဇနီး နန်းဇင်မာဝင်း (ထ-၂ ကျောင်းသူဟောင်း)၊ သား စောမင်းတည်သစ် မိသားစုတို့က ငွေကျပ်သိန်း ၁၅၀ တိတိကို လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုနှင့်ပတ်သက်၍ ကျောင်းအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့သော အလှူရှင်မိသားစုအား အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများက အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း သတင်းရရှိသည်။