ဘားအံမြို့နယ် U-22 အမျိုးသား ဘောလုံးပြိုင်ပွဲ စတင်၊ မျိုးဆက်သစ် ကစားသမားသစ်များ ပေါ်ထွက်လာရန် မျှော်လင့်
ဘားအံ၊ အောက်တိုဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း မျိုးဆက်သစ် လူငယ်ကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျေးရွာ၊ ရပ်ကွက်နှင့် တိုက်နယ်အဆင့် U-22 အမျိုးသား ဘောလုံးပြိုင်ပွဲများကို စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲသည် မြို့နယ်အတွင်းရှိ ဒေသခံ လူငယ်ကစားသမားများ၏ အရည်အသွေးနှင့် ခြေစွမ်းကောင်းများကို ထုတ်ဖော်ပြသခွင့် ရရှိစေမည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး၊ ဒေသတွင်း ဘောလုံးအားကစား အဆင့်အတန်း မြှင့်တင်ရေးနှင့် ထူးချွန်သည့် မျိုးဆက်သစ် အားကစားသမားကောင်းများကို ဖော်ထုတ်ပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။
လက်ရှိတွင် ရပ်ကွက်၊ ကျေးရွာနှင့် တိုက်နယ်အသီးသီးမှ အသက် ၂၂ နှစ်အောက် အမျိုးသား ဘောလုံးအသင်းများ ပါဝင်ယှဉ်ပြိုင်နေကြပြီး ပွဲစဉ်များအတိုင်း အကြိတ်အနယ် ယှဉ်ပြိုင်ကစားလျက်ရှိရာ အားကစားဝါသနာရှင်များ၏ စိတ်ပါဝင်စားစွာ အားပေးမှုကိုလည်း ရရှိလျက်ရှိကြောင်း သတင်းရရှိသည်။

