News

ဘားအံမြို့နယ် ဓမ္မညီနောင် ဆုတောင်းပြည့်ကျောင်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဉာဏိက ကျေးရွာများသို့ ဆွမ်းခံကြွ ရောက် ချီးမြှင့်

October 24, 2026
ဘားအံမြို့နယ် ဓမ္မညီနောင် ဆုတောင်းပြည့်ကျောင်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဉာဏိက ကျေးရွာများသို့ ဆွမ်းခံကြွ   ရောက် ချီးမြှင့်
ဘားအံမြို့နယ် ဓမ္မညီနောင် ဆုတောင်းပြည့်ကျောင်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဉာဏိက ကျေးရွာများသို့ ဆွမ်းခံကြွ
ရောက် ချီးမြှင့်
အောက်တိုဘာ ၁၉၊
၁၈.၁၀.၂၀၂၆ (၁၃၈၈) ခုနှစ်၊ သီတင်းကျွတ်လဆန်း (၇) ရက်၊ တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ
ထီ့ဖွန်းခလုံးရွာ၊ မှိုင်ကံကျေးရွာနှင့် နောင်ကမြိုင်ကျေးရွာတို့မှ ဓမ္မညီနောင် ဆုတောင်းပြည့်ကျောင်းဆရာတော်ဘုရားကြီး
ဘဒ္ဒန္တဉာဏိကသည် ဆွမ်းခံကြွရောက်ချီးမြှင့်တော်မူခဲ့ကြောင်း သိရသည်။
ထိုသို့ ဆွမ်းခံကြွရောက်စဉ်ကာလအတွင်း ဆရာတော်ဘုရားကြီး၏ ဒါယကာ၊ ဒါယိကာမများနှင့် ကုသိုလ်ရှင်များအားလုံး
အတွက် လှူဒါန်းမှုအစုစုတို့အတွက် “အမျှ အမျှ အမျှ” ပေးဝေခဲ့ကြပြီး သာဓုခေါ်ဆိုကာ နတ်လူသာဓုခေါ်စေခြင်း ကုသိုလ်
မင်္ဂလာအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။