News

ဘန်ကောက်တွင် ကျင်းပသည့် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲသို့ KCO အတွင်းရေးမှူး တက်ရောက်

August 25, 2026
ဘန်ကောက်တွင် ကျင်းပသည့် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲသို့ KCO အတွင်းရေးမှူး တက်ရောက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက် (ဘန်ကောက်)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် OKRSO မှ ဦးစီးကျင်းပပြုလုပ်သည့် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲသို့ ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံး (KCO) အတွင်းရေးမှူး ယှးဖါန် သည် KCO ကိုယ်စားပြု၍ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယဉ်ကျေးမှုအခမ်းအနားသို့ တက်ရောက်အားပေး ပူးပေါင်းပါဝင်ခဲ့မှုနှင့် ပတ်သက်၍ KCO အတွင်းရေးမှူး ယှးဖါန် က KCO အဖွဲ့အစည်းကို ကိုယ်စားပြုကာ တက်ရောက်ခွင့်ရရှိခဲ့သည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။
Photo: KCO