News

နန်းနှင်းနန္ဒါချစ်သူ၏ (၂၈)နှစ်ပြည့် မွေးနေ့မင်္ဂလာ အထိန်းအမှတ် အလှူတော်

June 16, 2026
နန်းနှင်းနန္ဒါချစ်သူ၏ (၂၈)နှစ်ပြည့် မွေးနေ့မင်္ဂလာ အထိန်းအမှတ် အလှူတော်

နန်းနှင်းနန္ဒါချစ်သူ ၏ (၂၈)နှစ်ပြည့် မွေးနေ့မင်္ဂလာ အထိန်းအမှတ် အလှူတော်။

မိမိတို့နေအိမ် (တောင်ယာ) ကနေ စာသင်ကျောင်းဆီကို (၁) မိုင်နီးပါးခန့် ခရီးကြမ်းကို
အခက်အခဲများစွာနဲ့ သွားရောက်ပညာသင်ကြားနေရတဲ့ (၇) အိမ်စုက ကလေးငယ်လေးများအတွက်
မွေးနေ့အမှတ်တရအဖြစ် “ကျောင်းကြိုပို့ မော်တော်ယာဉ်တစ်စီး” နန်းနှင်းနန္ဒါချစ်သူ မှ စိတ်အားထက်သန်စွာ လှူဒါန်းပေးခဲ့ပါသည်။

ယခင်က အိမ်နဲ့ကျောင်း ခရီးအလှမ်းဝေးလွန်းတာကြောင့် ကလေးငယ်တွေ ကျောင်းမတက်ချင်ကြတဲ့အပြင်၊
အခုလို မိုးရာသီမျိုးဆိုရင် လမ်းတလျှောက် ရေအိုင်တွေ၊ ဗွက်အိုင်တွေကို ရုန်းကန်ကျော်ဖြတ်ပြီး ခက်ခက်ခဲခဲ သွားခဲ့ကြရတာပါ။

” ခုမှာ အလှူရှင်ရဲ့ စေတနာကြောင့် မိုးရွာရွာ၊ လေတိုက်တိုက် မပူရတော့သလို၊ ရေအိုင်ဗွက်အိုင်တွေကိုလည်း ကြောက်စရာမလိုတော့ဘဲ ကလေးငယ်တွေ ပျော်ပျော်ရွှင်ရွှင်၊ အဆင်ပြေပြေနဲ့ ကျောင်းတက်နိုင်ကြပြီဖြစ်လို့
သမီး နန်းနှင်းနန္ဒါအေး ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်” လို့ ကျေးရွာလူကြီးမှလည်း ဝမ်းသာပီတိစကား ပြောကြားပေးခဲ့ပါတယ်။

ဒီအလှူကြောင့် ကလေးငယ်များစွာရဲ့ ပညာရေးခရီးလမ်း ဖြောင့်ဖြူးသာယာပါစေကြောင်း၊
မွေးနေ့ရှင် နန်းနှင်းနန္ဒါချစ်သူ လည်း ဒီထက်မက လှူနိုင်တန်းနိုင်ပြီး သာယာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း။

HAPPY BIRTHDAY 🎉🎉

မွေးနေ့မှာ ပျော်ရွင်စွာဖြတ်သန်း နိုင်ပါစေ..